Financial Inclusion

၁။    ပထမအကြိမ် MAP survey အား ၂၀၁၄ ခုနှစ်တွင် UNDP normal country program အရဆောင်ရွက်ခဲ့ရာအဆိုပါ MAP survey ၏တွေ့ရှိချက်များအပေါ် အခြေခံ၍ အားလုံး ပါဝင်နိုင်သော ငွေရေးကြေးရေးကဏ္ဍအကောင်အထည်ဖော် ဆောင်ရွက်ခြင်း လမ်းပြမြေပုံ (2014-2020) ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါသည်။ အားလုံးပါဝင် နိုင်သောငွေရေးကြေးရေးကဏ္ဍအကောင်အထည်ဖော် ဆောင်ရွက်ခြင်းလမ်းပြမြေပုံ (2014-2020) နှင့်စပ်လျဉ်း၍ ဖွင့်လှစ်သည့် အခမ်းအနားကို ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့ပြီး နယ်သာလန်နိုင်ငံမိဖုရား  Queen Maxima တက်ရောက် ခဲ့ပါသည်။  

၂။    မြန်မာနိုင်ငံသည် အားလုံးပါဝင်နိုင်သောငွေရေးကြေးရေးကဏ္ဍတည်ဆောက်ရေး လမ်းပြ မြေပုံ မဟာဗျူဟာများအား ဘဏ်လုပ်ငန်းအဖွဲ့ခွဲ၊ ဘဏ်မဟုတ်သော လုပ်ငန်းအဖွဲ့ခွဲနှင့် မူဝါဒ ပိုင်းဆိုင်ရာလုပ်ငန်းအဖွဲ့ခွဲတို့ဖြင့် စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ အားလုံးပါဝင်နိုင်သော ငွေရေးကြေးရေးကဏ္ဍအကောင်အထည်ဖော် ဆောင်ရွက်ရေး လမ်းပြ မြေပုံအား ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ ဥက္ကဌအဖြစ် ဆောင်ရွက်၍ ဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့ပြီးဖြစ်ပါသည်။

၃။    UNDP-UNCDF ၏ MAP Survey အရ မြန်မာနိုင်ငံ၏ အားလုံးပါဝင်နိုင်သော ငွေကြေး ကဏ္ဍအဆင့်သည် ၂၀၁၄ ခုနှစ်တွင် ၃၀% ရှိပါသည်။လမ်းပြမြေပုံ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ အားလုံးပါဝင်နိုင်သောငွေကြေးကဏ္ဍအဆင့်အား ၂၀၁၄ ခုနှစ်တွင်  ၃၀% ရှိရာမှ ၂၀၂၀ ခုနှစ်တွင် ၄၀% သို့ တိုးတက်ရရှိစေရန်နှင့် ၂၀၁၄ ခုနှစ်တွင် ငွေကြေး ဝန်ဆောင်မှု တစ်မျိုးထက်ပို၍ အသုံးပြုသည့် အရွယ်ရောက်ပြီးသူဦးရေ ၆% ရှိရာမှ            ၂၀၂၀  ခုနှစ် တွင် ၁၅% သို့ တိုးတက်လာစေရန် ရည်ရွယ်ပါသည်။

၄။    မြန်မာနိုင်ငံအနေဖြင့် Financial Inclusion လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ရင်းနှီး မြှုပ်နှံသူ များ၊ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့အစည်းများဖြင့် ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့် အမျိုးသားအဆင့် အားလုံးပါဝင်နိုင်သော ငွေကြေးကဏ္ဍဆိုင်ရာ ဖိုရမ်ကို နေပြည်တော်၌ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် UNCDF နှင့် DaNa Facility တို့၏ အကူအညီဖြင့် ကျင်းပနိုင်ခဲ့ပါသည်။

၅။    Financial Inclusion ၏ အဓိကဦးတည်ချက်နယ်ပယ်များမှာစိုက်ပျိုးရေးကဏ္ဍအတွက် ငွေကြေးဝန်ဆောင်မှုပေးခြင်း၊ ဝင်ငွေနည်းအိမ်ထောင်စုများနှင့် MSME  လုပ်ငန်းများသို့ ငွေကြေးဝန်ဆောင်မှုပေးခြင်းတို့ ဖြစ်ပါသည်။ ယင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသည် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ ကမ္ဘာ့ဘဏ်၊ UNDP-UNCDF နှင့် ADB စသည့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊အလှူရှင်အဖွဲ့အစည်းများဖြင့် ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ Financial Inclusion လုပ်ငန်းစဉ် များတွင် နိုင်ငံပိုင်ဘဏ်များ ပြုပြင် ပြောင်းလဲရေးနှင့် အာမခံလုပ်ငန်းကဏ္ဍစျေးကွက် ဖွင့်လှစ်ခြင်းတို့သည်လည်း အပါအဝင်ဖြစ်ပါသည်။

၆။    မြန်မာနိုင်ငံ၏ IT ကဏ္ဍသည် ၂၀၁၅ခုနှစ်ကတည်းကပင် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာ ပြီး ၂၀၁၆ခုနှစ်တွင် လူဦးရေ၏ ၈၅ % သည်အဆင့်မြင့် Smart Phone  များကို သုံးစွဲလျက် ရှိနေသည်ကို မြင်တွေ့ရမည်ဖြစ်ပါသည်။ အဆိုပါ Smart Phone များကို သုံးစွဲမှုများလာ ခြင်းသည်လည်း တရားဝင်ငွေကြေးကဏ္ဍအား အလျင်အမြန် ဖွံ့ဖြိုး တိုးတက်လာစေမည့် အကြောင်းအရင်းများဖြစ်ပါသည်။ ယခုအခါ မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏ အားလုံးပါဝင် နိုင်သောငွေကြေးကဏ္ဍအဆင့်အား ပုံဖော်ပေးမည့် MAP Refresh Survey အား  UNCDF ၊ DaNa Facility တို့နှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ မိမိတို့အနေဖြင့် အဆိုပါ စစ်တမ်းသည် များစွာအကျိုးရှိမည်ဟုမြင်ပါသည်။

၇။    တောင်အာဖရိကနိုင်ငံအခြေစိုက် FinMark Trust ၏ ဦးဆောင်မှုဖြင့် Myanmar Survey Research အဖွဲ့အစည်းမှ မြို့နယ်ပေါင်း (၂၉၈) မြို့နယ်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ စတင်၍ စစ်တမ်းကောက်ယူမှုအား ဆောင်ရွက်ခဲ့ရာ ယခုအခါ အဆိုပါ စစ်တမ်းကောက်ယူမှု ပြီးစီးပြီးဖြစ်ရာ လက်ရှိမြန်မာနိုင်ငံ၏ တရားဝင်ငွေကြေးကဏ္ဍတွင် အားလုံးပါဝင်နိုင်သော အဆင့်အား သိရှိနိုင်မည်ဖြစ်ပြီး Myanmar Financial Inclusion Strategiesများမှ မြန်မာနိုင်ငံ၏ ငွေကြေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာအရေးကြီးသော မဟာ ဗျူဟာ များကို ပြန်လည် ဆန်းစစ် ဖော်ထုတ်သွားမည် ဖြစ်ပါသည်။

၈။    အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများသည် ဝင်ငွေနည်းပြည်သူများသာမက MSME များသို့ ငွေကြေးဝန်ဆောင်မှုပေးနိုင်ရေးအတွက် Individual Loan ထုတ်ချေးခွင့်ပြုခြင်း၊ နေအိမ် အသေးစားပြင်ဆင်မှုနှင့် တန်ဖိုးနည်း အိမ်ယာများအတွက် Housing Loan၊ Agricultural   Equipment များ ဝယ်ယူရေးအတွက် Agricultural Loan (Hire
Purchase)နှင့် အသေးစားငွေရေးကြေရေးအဖွဲ့အစည်းများအတွက် Hole Sale Loan များထုတ်ချေးခြင်း၊MADB မှ Seasonal Loan များအဖြစ် ချေးငွေတိုးမြှင့် ထုတ်ချေးခြင်း များ ဆောင်ရွက်ခဲ့ပါသည်။

၉။    Digital Financial Services Working Group ပေါ်ပေါက်လာရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပူးပေါင်း အကောင်အထည်ဖော်   ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံပိုင်ဘဏ်များ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာဘဏ်များ၊ အခြားသက်ဆိုင်သည့်ဌာန အဖွဲ့အစည်းများနှင့်ညှိနှိုင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၁၀။    မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့တွင် ပြဌာန်းထားခဲ့ပြီးဖြစ်ရာ လက်ရှိအချိန်ထိ အသေးစားငွေရေးကြေးရေး လုပ်ငန်းများအတွက် ညွှန်ကြားချက်ပေါင်း(၁၆)ခု ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများ ချေးငွေပိုမိုရရှိစေခြင်းနှင့် ပတ်သက်၍ အသေးစားငွေရေးကြေးရေး ကဏ္ဍတွင်ပြည်တွင်း / ပြည်ပမှ အသေးစားငွေရေးကြေရေး အဖွဲ့အစည်းများအား ချေးငွေ ထုတ်ချေးခွင့်ပြုထားပြီး ဖြစ်ပါသည်။ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများမှ ၎င်းတို့၏အသင်းဝင်များသို့ ချေးငွေထုတ်ချေးနိုင်မှုကို ယခင်က ကျပ်သိန်း ( ၅၀ )ထိသာ ခွင့်ပြု ခဲ့သော်လည်း ယခုအခါတွင် ကျပ်သိန်း(၁၀၀)ထိ တိုးမြှင့်ထုတ်ချေးနိုင်ရန် ခွင့်ပြုခဲ့ပါသည်။

၁၁။    အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့်သက်ဆိုင်သည့် စည်းမျဉ်း ဥပဒေ ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အသေးစား ငွေရေး ကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ညွှန်ကြားချက်( ၂ ) ခု ထုတ်ပြန်၍ အသေးစား ငွေရေး ကြေရေးအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ငွေကြေးခိုင်မာမှု ကြပ်မတ် ထိန်းသိမ်း ခြင်း၊ပြည်တွင်း/ ပြည်ပမှ ချေးငွေများအလွယ်တကူရရှိစေခြင်း၊ ဆန္ဒအလျောက် စုဆောင်းငွေ များ ပိုမိုလက်ခံစေခြင်း၊ အသင်းဝင်များ အကာအကွယ်ပေးရေး စည်းမျဉ်းဥပဒေများ ချမှတ် ဆောင်ရွက်ခြင်း၊MSME လုပ်ငန်းများအား အထောက်အကူဖြစ်စေရန် ချေးငွေအရွယ်အစား တိုးမြှင့်ခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ပါသည်။

 

Burmese